လျှာ/ကို ထိန်းချုပ်ခြင်း/အကြောင်း
3
ညီအစ်ကို/မောင်နှမတို့a… ဆရာ/ဖြစ်ကြသော/ကျွန်ုပ်တို့/သည် အခြားသူတို့/ထက် ပို/၍ တင်းကျပ်/စွာ စီရင်/ခံရမည်/ကို သင်တို့/သိမှတ်/လျက် ဆရာ/ဖြစ်လိုသူ မများစေကြနှင့်။ 2 ကျွန်ုပ်တို့/အားလုံး/သည် နည်း/အမျိုးမျိုး/ဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို/၌ အမှားအယွင်း/မရှိသောသူ/သည် ပြီးပြည့်စုံသော/သူ/ဖြစ်၏။ ထို/သူ/သည် မိမိ/တစ်ကိုယ်လုံး/ကို ချုပ်တည်းနိုင်သော/သူ/ဖြစ်၏။ 3 ဥပမာ/အားဖြင့် မြင်း/ကို ဇက်ခွံ့/သောအခါ ထို/မြင်း/တစ်ကိုယ်လုံး/ကို ထိန်းချုပ်/နိုင်/၍ ကျွန်ုပ်တို့/အား နာခံ/စေနိုင်၏။ 4 သင်္ဘောများ/ကိုလည်း ကြည့်လော့။ ၎င်းတို့/သည် ကြီးမား/၍ ပြင်းထန်သော/လေဟုန်/နှင့် လွင့်ပါတတ်/သော်လည်း သေးငယ်သော/တက်မ/အားဖြင့် တက်မကိုင် အလိုရှိရာ/သို့ လှည့်နိုင်၏။ 5 ထိုနည်းတူ လျှာ/သည် သေးငယ်သည့်/အင်္ဂါ/အစိတ်အပိုင်း/ဖြစ်/သော်လည်း ကြီးကျယ်သော/အကြောင်းအရာများ/ကို ကြွားဝါတတ်၏။ အလွန်/ကြီးမားသော/တောအုပ်/ကို အလွန်/သေးငယ်သော မီးပွားလေး/က လောင်စေ/နိုင်သည်/ကို ဆင်ခြင်လော့။ 6 လျှာ/သည် မီး/ဖြစ်၏။ ဒုစရိုက်/လောက/လည်း ဖြစ်၏။ ၎င်း/သည် ကျွန်ုပ်တို့/၏ အင်္ဂါ/အစိတ်အပိုင်းများ/အနက် တစ်ခု/ဖြစ်ပြီး ကိုယ်ခန္ဓာ/တစ်ခုလုံး/ကို ညစ်ညူးစေတတ်၏။ လူ့/ဘဝ/တစ်ခုလုံး/ကိုလည်း လောင်ကျွမ်း/စေနိုင်၏။ လျှာ/သည် မီး/ကို ငရဲ/မှ ထွန်းညှိ၏။
7 လူ/သည် အမျိုးမျိုးသော/သားရဲ/တိရစ္ဆာန်များ၊ ငှက်များ၊ တွားသွား/သတ္တဝါများ/နှင့် ရေနေ/သတ္တဝါတို့/ကို ယဉ်ပါး/စေနိုင်၏။ ယဉ်ပါး/အောင်လည်း ပြုခဲ့ပြီ။ 8 သို့သော် လျှာ/ကိုမူ မည်သူမျှ မယဉ်ပါးစေနိုင်။ လျှာ/သည် ထိန်းချုပ်/မရအောင် ဆိုးရွားပြီး သေစေတတ်သော အဆိပ်/နှင့် ပြည့်နှက်၏။ 9 ကျွန်ုပ်တို့/သည် လျှာ/ဖြင့် ကျွန်ုပ်တို့/၏ သခင်/ဖြစ်တော်မူသော ခမည်းတော်/ကို ချီးမွမ်း/၍ ဘုရားသခင်/၏ ပုံသဏ္ဌာန်တော်/နှင့်အညီ ဖန်ဆင်းသော/လူတို့/ကို ထို/လျှာ/ဖြင့် ကျိန်ဆဲကြ၏။ 10 နှုတ်/တစ်ခုတည်း/မှ ချီးမွမ်းခြင်း/နှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကို/မောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။ 11 စမ်းရေပေါက်/တစ်ခုတည်း/မှ ရေချို/နှင့် ရေခါး စီးထွက်/တတ်သလော။ 12 ညီအစ်ကို/မောင်နှမတို့… သဖန်းပင်/သည် သံလွင်သီး/ကို သီးနိုင်သလော။ စပျစ်နွယ်ပင်/သည် သဖန်းသီး/ကို သီးနိုင်သလော။ ရေငန်စမ်း/သည်လည်း ရေချို/ကို မထွက်စေနိုင်ပါ။
ကောင်းကင်/မှ ဉာဏ်ပညာ
13 သင်တို့/တွင် မည်သူ/သည် ပညာရှိ/ဖြစ်ပြီး တတ်သိ/လိမ္မာသူ/ဖြစ်သနည်း။ ထို/သူ/သည် ပညာ/မှ/လာသော နူးညံ့သိမ်မွေ့မှု/ဖြင့် လုပ်ဆောင်သည့် အကျင့်/အားဖြင့် ကောင်းသော/ပြုမူနေထိုင်ပုံ/ဖြင့် သက်သေပြစေ။ 14 သို့သော် သင်တို့/၏ နှလုံးသား/ထဲတွင် ခါးသီးသော မနာလိုစိတ်/နှင့် တစ်ကိုယ်ကောင်းစိတ်တို့/ရှိလျှင် သမ္မာတရား/ကို ဆန့်ကျင်/၍ သင်တို့/၏ ဉာဏ်ပညာ/အကြောင်း/ကို မကြွားဝါနှင့်။ 15 ထိုသို့သော ဉာဏ်ပညာ/သည် ကောင်းကင်/မှ လာသည်/မဟုတ်။ လောက၊ လူ့/ဗီဇ/နှင့် နတ်ဆိုးတို့/ထံမှ လာ၏။ 16 အဘယ်ကြောင့်ဆိုသော် မနာလိုစိတ်၊ တစ်ကိုယ်ကောင်းစိတ်တို့ ရှိသည့်/နေရာ/တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း/နှင့် ဆိုးယုတ်သော/အပြုအမူ/အမျိုးမျိုး ရှိတတ်/သောကြောင့် ဖြစ်၏။
17 ကောင်းကင်ဘုံ/မှ ဆင်းသက်လာသော ဉာဏ်ပညာ/သည် ပထမ/ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု/ကို မြတ်နိုး၏။ ထောက်ထား/ညှာတာတတ်၏။ သဟဇာတ/ဖြစ်တတ်၏။ ကရုဏာတရား/နှင့် ကောင်းကျိုးတို့/ဖြင့် ပြည့်စုံ၏။ မျက်နှာ/မလိုက်တတ်။ ဟန်ဆောင်မှု/ကင်း၏။ 18 ငြိမ်းချမ်းခြင်း/မျိုးစေ့/ကို ကြဲသော ငြိမ်းချမ်းရေး/ဖော်ဆောင်သူများ/သည် ဖြောင့်မတ်ခြင်း/၏ အသီးအနှံ/ကို ရိတ်ကြရ၏။